Tuesday, July 29, 2008

ဘ၀နှင့်ဆန်ဒ

ဘ၀နှင့်ဆန်ဒသည် မည်သည့်အခါမျှထပ်တူမကြနိုင်ပေ။ ဖြစ်ချင်တာဆန်ဒ၊ဖြစ်နေတာဘ၀ဟူသော ဆိုရိုးစကားအတိုင်းပင် ဖြစ်သည်။ ကိုယ်ဘာဖြစ်ချင်လဲ၊ ကိုယ်ငယ်ငယ်က ဘာတွေအိပ်မက်မက်ပြီး အခုအချိန်မှာ အဲဒီအိပ်မက်အတိုင်းဖြစ်ခဲ့ရဲ့လား၊ ပြန်စဉ်းစား ကြည့်လျှင် အိပ်မက်တွေအတိုင်းတစ်ခုမှဖြစ်မလာခဲ့ပါ။ ဒါပေမယ့်လည်း ဖြစ်လာနေသည့်ဘ၀အတိုင်းမှာ ကိုယ့်ဘက်က အကောင်းဆုံး ကြိုးစားကြရမည်။ ကျွန်မငယ်ငယ်တုန်းက ဆရာမသိပ်ဖြစ်ချင်ခဲ့သည်။ ကိုယ်တက်သလိုသူများကိုလည်းတက်အောင်သင်ပေးချင်သည့် စိတ်ဓါတ်၊ ဆရာတို့၏ မြင့်မြတ်မှုများကိုတွေ့မြင်ခဲ့ရသောကြောင့်ဖြစ်သည်၊ဒါပေမယ့်လည်း ကျွန်မ ယခုအချိန်တွင် ဆရာမတစ်ယောက်ဖြစ်မလာခဲ့ပါ။ ထို့အတူပင် ငယ်ငယ်တုန်းက ကျွန်မဖြစ်ချင်ခဲ့သည်အရာများ ယခုအချိန်တွင် မဖြစ်ခဲ့သည်မှာများပါသည်။ကျွန်မကဲ့သို့ပင် လူသားအများစုမှာ မိမိတို့ဖြစ်ချင်သည့်ဆန်ဒနှင့်ဘ၀ထပ်တူကြချင်မှကြကြပေလိမ့်မည်။
သို့ပါသော်လည်း ကိုယ်ဖြစ်လာသောဘ၀တွင် အကောင်းဆုံးဖြစ်အောင်ကြိုးစားကြခြင်းဖြင့်ဘ၀၏ အောင်မြင်မှုများကို ရရှိနိုင်ကြ ပါသေးသည်။
လူသားတိုင်းလိုအင်ဟူသမျှပြည့်စုံကြပါစေ။
30.7.2008